Saturday, October 20, 2012

ပျင်းစရာဆန်းဒေး (2005ကကျွန်တော်)


ကျွန်တော် ဆိုတဲ့ကောင်ကလည်း ကျောင်းပိတ်ရင်မနေတတ်ဘူး ။ တအားပျင်းဖို့ကောင်းတယ် တကယ်။
ဒီနေ့ Sunday နေ့ဆိုတဲ့ အသိဝင်လာရင် ပိုဆိုး၊ ဘာဆက်လုပ်ရမှန်းကိုမသိအောင် ငြီးငွေ့ချင်စရာကြီး..။

အိမ်မှာလည်းဒီအတိုင်းကြီးတော့  မနေချင်ဘူး။ အပြင်လေး ဘာလေးတော့ လစ်ဦးမှ။ တစ်ချို့လူတွေတော့
Sunday နေ့ဆိုရင် ချာ့စ်ကျောင်းသွားပြီး  တရားတွေနာကြ၊  ဘာဘာညာညာပေါ့ကွာ...။
ဒါပေမယ့် ဒါတွေကလည်း  အနည်းအကျဉ်းလောက်ပဲရှိလိမ့်မယ်။ ချာစ့်ကျောင်းသွားဖို့  ရှိုးထုတ်ကြ၊ ပြီးရင်
ဟိုကျ  အိပ်ငိုက်တဲ့သူ တစ်ပုံကြီး။  အားလုံးကိုတော့ မဆိုလိုပါဘူး..ဒါပေမယ့်  အားလုံးနီးပါး ပါပဲ။
ကျွန်တော်ဆိုရင်  အိမ်က မိဘတွေက ချာစ့်ကျောင်းသွားဖို့   နားပူအောင်  အကြိမ်တစ်ရာလောက်
 ပြောရင်တောင်  သွားချင်မှသွားတာ။ ဆိုလိုတာက  ဘယ်တော့မှမသွားဘူး။ တစ်ခါတလေလေး  နားငြီး
သက်သာအောင် ဆိုပြီးတော့တာ သွားနေရဒါ..သိပ်ပြီးစိတ်ပါလှတော့  မဟုတ်ဘူး။
ရှည်လျားဝှေ့ပတ်ပြီး  ပြောမဆုံးနိုင်တော့တဲ့  တရားဟောချက်တွေဆိုရင်  ဘယ်လောက် စိတ်ပျက်ဖို့
ကောင်းလိမ့်မလဲ?  ခင်ဗျားစဉ်းစားကြည့်။ နောက်ဆုံးချာစ့်ကျောင်းသွား..အိပ်ငိုက်(တရေးအိပ်) ပြီးပြန်လာ
ဒါပါပဲ....။ ဒီလိုနဲ့  အိမ်ပြန်ရောက်ရင်  အမေကမေးပြီ။ ဘယ်ဆရာက  ဘယ်တရားတော်တွေကို  ဘယ်လို
ဟောသွားကြောင်း..စသဖြင့်ပေါ့ ။ ကျွန်တော်ကဘာမှပြန်မပြောပြတတ်ဘူး။  ဟုတ်တယ်လေ..ချာစ့်ကျောင်း
သွားပြီးအိပ်ငိုက်၊  ဘာတွေ ဘယ်လိုပြောသွားတယ်ဆိုတာ   ဘယ်ကလာသိမှာတုန်း။
ဒါကြောင့်သွားလည်း  မသွားဘူုး။ စိတ်လည်းမပါဘူး။ ပျော်လည်းမပျော်ဘူး။ Sunday ရောက်လာမှာတောင်
ကြောက်နေပြီ။    သိတယ်လေ..Sunday နေ့ဆိုရင် အမေက ကျွန်တော့်ကို  ချာစ့်ကျောင်းသွားဖို့
အခါ တစ်တောင် မကအော်ပြောနေလိမ့်မယ်ဆိုတာ...။

No comments:

Post a Comment